What is VMware ESXi?

ဒီနေ့မှာတော့ Virtualization Technology တွေထဲမှာအသုံးအများဆုံးဖြစ်တဲ့ VMware Company ကထုတ်တဲ့ ESXi အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ VMware Workstation မှာ ESXi Setup လုပ်တဲ့ ပုံအဆင့်ဆင့်ကိုလည်း တစ်ပါတတည်း Hands-On Lab ပါတစ်ခါတည်းလုပ်ပြပေးသွားမှာပါ။

VMware ESXi ဆိုတာ Type 1 Hypervisor အမျိုးအစားဖြစ်ပါတယ်။ Virtualization Technology မှာ Type 1, Type 2 ဆိုပြီး နှစ်မျိုးရှိပါတယ်။ Type 2 ကတော့ Hosted Hypervisor လို့ခေါ်ပြီး သူ့ကိုအသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စက်ထဲမှာ OS တစ်ခုခု မဖြစ်မနေရှိကိုရှိရပါမယ်။ Type 1 Hypervisor ကတော့ ကြားခံ ဘာ OS မှမလိုပဲ Hardware ပေါ်မှာတိုက်ရိုက်တင်သုံးနိုင်ပါတယ်။ ခုကျွန်တော်ပြောပြမယ့် အကြောင်းကလည်း Type 2 Hypervisor (VMware ESXi) အကြောင်းပါဆိုတော့ ခု Hands-On Lab မှာတော့ ESXi ကို Hardware ပေါ်မှာ တိုက်ရိုက် မတင်ပြထားပါဘူး။ VMware Workstation ပေါ်မှတဆင့်ပြန်တင်ပြထားတာပါ။ Nested Virtualization လိုဖြစ်သွားတာပေါ့။ Virtualization ထဲမှာဆိုရင် သူလို့ပဲတခြား နာမည်ကြီးတဲ့ Hypervisor တွေကတော့ Microsoft ရဲ့ Hyper-V, Proxmox (Open Source) နဲ့ Citrix Xen Server တွေရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ အသုံးများတဲ့ Hypervisor ကတော့ ESXi ကတော့ အများဆုံးပေါ့။ အခြားသော Hypervisor တွေထက် စာရင် ဒီ ESXi ကတော့ ပိုပြီးအသုံးများပါတယ်။

ESXi အကြောင်းပြောရင် vSphere ကလည်းမေ့ထားလို့မရပါဘူး။ vSphere ဆိုတာ နားလည်လွယ်အောင်ပြောရ ရင် ESXi + vCenter ကိုပေါင်းထားတဲ့ Product Suite တစ်ခုပေါ့။ vSphere မှာပါတဲ့ Features တစ်ချို့ကတော့ VMware vCenter Server, vSphere Web Client, vSphere Client, vSphere Distributed Switch, vSphere HA and VMware Virtual Symmetric Multi-Processing စတဲ့ Features တွေအများကြီးပါဝင်ပါတယ်။ vSphere License ပေါ်မူတည်ပြီးတော့လည်း သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကွာခြားပါလိမ့်မယ်။ vCenter ဆိုတာလည်း ESXi တွေကို တစ်နေရာတည်းကနေ့ Centralize Management လုပ်ဖို့သုံးတဲ့ Appliance တစ်ခုဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့မှာ ESXi သုံးလုံးရှိတယ်ဆိုပါစို့၊ ESXi သုံးလုံးလုံးကို တပြိုင်နက်ဝင်ဖို့ဆိုတာအဆင်မပြေပါဘူး ဒီတော့ အဲတာကိုဖြေရှင်းဖို့အတွက် ကျွန်တော်တို့ vCenter ကိုသုံးပါတယ်။ vCenter ကို Separated အနေနဲ့ရော၊ ESXi ထဲမှာရောတင်လို့ရပါတယ်။ vCenter သုံးမယ်ဆိုရင် ESXi Version နဲ့ တူမှအဆင် ပြေပါမယ်။ မတူဘူးဆိုရင် vCenter က Version မြင့်နေမှအဆင်ပြေပါလိမ့်မယ်။ ဆိုတော့ ESXi Lab လေးစလိုက်ရအောင်ပါ။ လိုအပ်တဲ့ ESXi 7.0 iSO File ကိုအောက်မှာ Link ပေးထားပါတယ်။ စက်ထဲမှာ VMware Workstation ကိုတော့အရင်ဆုံးတော့ Installation လုပ်ထားပြီးသားဖြစ်ရပါမယ်။ Storage 150 GB လောက် Free ဖြစ်ရပါမယ်။ အဲလောက်အထိ မလွတ် ရင်လည်းရပါတယ်။ ဒါပေမယ့် Recommended Size ကတော့ (142) GB ပါ။ အရင်ဆုံး Workstation မှာ VM အသစ်တစ်ခုယူပါမယ်။

ပြီးရင် ခုနက ပေးထားတဲ့ Link ကနေ ESXi 7.0 iSO ကိုရွေးပြီးဆက်သွားပါမယ်။

VM Storage Size ကိုတစ်ချက်သတ်မှတ်ပေးမယ်

ESXi အတွက် အနည်းဆုံး လိုအပ်တဲ့ Specification က 2 Core (CPU), 4 GB (RAM), 142 GB (Storage)

Virtualize Intel VT-x/EPT or AMD-V/RVI ကို On ပေးရပါမယ်။ ဒါမှသာ ESXi မှာ VM တွေတင်လို့ရမှာပါ

Installation လုပ်မဲ့ Storage ကိုရွေးပေးရပါမယ်။ Root Password ကိုပါတစ်ပါတည်း သတ်မှတ်ပေး ရပါမယ်။

Password ရိုက်ပြီးသွားရင်တော့ Installation စပါပြီ၊ ဒီနေရာမှာ ESXi Minimum Requirements နဲ့ မကိုက်ညီရင် တော့ အောက်ကပုံအတိုင်းပေါ်ပြီး Installation ဆက်လုပ်မှာမဟုတ်ပါဘူး

အောက်ကပုံကတော့ Requirement အဆင်ပြေတဲ့အတွက် F11 နှိပ်ပြီး Installation ကိုစလုပ်လို့ရပါပြီ

Installation ပြီးသွားတာနဲ့ Reboot လုပ်ဖို့တောင်းပါလိမ့်မယ်

Reboot လုပ်ပြီးပြန်တက်လာတာနဲ့ ESXi ရဲ့ UI ကိုကျွန်တော်တို့တွေမြင်ရပါပြီ။ ဒီ UI ကို DCUI (Direct Console User Interface) လို့လည်းခေါ်ပါတယ်။ IP Address ကတော့ ကိုယ့် Network ပေါ်မူတည်ပြီး IP ကျ/မကျ ဖြစ်နိုင် ပါတယ်။ IP မကျခဲ့ဘူးဆိုရင်လည်း DCUI ကနေ Root Password ရိုက်ပြီးတော့ IP/DNS/Gateway စတာတွေကို သွားပြောင်းနိုင်ပါတယ်။

IP Address ပေးပြီးသွားရင်တော့ Browser ကနေ IP Address ကိုရိုက်ပြီးတော့ Username: root, Password ရိုက်ပြီးဝင်နိုင်ပါပြီ။

ESXi အတွက် License ထည့်မယ်ဆိုရင် Manage > Licensing > Assign License မှာသွားထည့်လို့ရပါတယ်။

ဒါကတော့ ESXi License Assign လုပ်ပြီးသွားတဲ့ပုံပါ။ ဒီနေ့ကတော့ ESXi Hand-On Lab နဲ့ ESXi အကြောင်း ရေးတာလေးကိုဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ နောက်ထပ်လည်း ဒီထက်အများကြီး Sharing လုပ်ပေးသွားပါမယ်

VMware ESXi 7.0 iSO

VMware vSphere ESXi 7.0 Enterprise Plus Key

  • JJ2WR-25L9P-H71A8-6J20P-C0K3F

  • HN2X0-0DH5M-M78Q1-780HH-CN214

  • JH09A-2YL84-M7EC8-FL0K2-3N2J2

Written By Aung Thu Myint

Last updated