NAT Types And NAT Work

နက် (NAT) တကာ့ နတ်ထဲမှာ အကောင်းဆုံး နတ်က ဘာနတ်လဲ ???

နတ်တကာ့နတ်ထဲမှာ အကောင်းဆုံး နတ်ဆိုတာကတော့ လူကြီးမင်းတို့ထင်တဲ့ ဂျေဒိုးနတ် (J-Donut) မဟုတ် ပါဘူးခင်ဗျာ၊ (၃၇) မင်းနတ်လဲ မဟုတ်တာတော့ အမှန်ပဲဖြစ်ပါတယ် ခင်ဗျာ။ တကယ်တော့ နတ်ဆိုတာ (Network Address Translation) ရဲ့အတိုကောက် (NAT) နတ်ပဲ ဖြစ်ပါတယ်။ NAT ဆိုတာကတော့ ကျွန်တော်တို့ အသုံးပြု နေကြတဲ့ Internet မှာ Public IP တွေကို Private IP တွေနဲ့ အချင်းချင်း Translate လုပ်ပေးတဲ့ Networking Protocol တစ်မျိုးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Local Network မှာ Internet နဲ့ချိတ်ဆက်ထားတဲ့ End Devices ပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ့ Public IP တွေကို User တစ်ယောက်က Public IP တစ်ခုသာသုံးမယ် ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ Public IP အရေအတွက်တွေက လောက်မှာမဟုတ်ပါဘူး။ အဲတာကြောင့် Public IP Ranges တွေကို ချွေတာဖို့အတွက် NAT ကိုတီထွင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။

NAT ကဘာတွေ လုပ်ပေးလဲ ???

ဟုတ်ကဲ့ပါခင်ဗျ၊ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသား (NAT) က Public IP တစ်ခုကို Translate လုပ်လိုက်တဲ့ အခါ မှာ Local Network ထဲမှာရှိတဲ့ Private IP ပေးထားတဲ့ ရှိသမျှ မြောက်များစွာသော End Devices တွေအားလုံးကို Internet Access ရရှိအောင် ပြောင်းလဲစွမ်းဆောင်ပေးတာပဲ ဖြစ်ပါတယ်။

NAT ဘယ်နှစ်မျိုးရှိတာလဲ ???

NAT သုံးမျိုးရှိပါတယ်။ (1) Static NAT, (2) Dynamic NAT, (3) NAT Overloading (Or) Port Address Translation (PAT) တို့ပဲ ဖြစ်ပါတယ်။

Static NAT

Static NAT က Host IP တစ်ခုကို Translate လုပ်ဖို့အတွက် Public IP Address တစ်ခုလိုအပ်ပါတယ်။ ထိုအခါမှသာ ကျွန်တော်တို့ရဲ့ Local Host Client လေးက Public Network ကိုသွားရောက်အသုံးတော်ခံနိုင်မှာ ဖြစ်ပါတယ် ခင်ဗျ။ (Host IP Address တစ်ခုကို Public IP Address တစ်ခုပဲရရှိမှာဖြစ်ပါတယ်)

Dynamic NAT (One To Many)

Dynamic NAT ကတော့ Host IP Address တစ်ခုကို Translate လုပ်ဖို့အတွက် Public IP Address ပေါင်း မြောက်များစွာရှိနေတာဖြစ်ပါတယ်ခင်ဗျ။ (ဥပမာ 192.168.1.1 ဆိုတဲ့ Client လေးတစ်ခုက Translate လုပ်ဖို့ အတွက် 172.2.42.1 ကနေ 172.2.42.10 ထိ IP Pool (Subnet) တစ်ခုရှိရမှာဖြစ်ပါတယ်။ အဆင်ပြေတဲ့ Public IP Address ကနေ Internet ကိုထွက်သွားမှာ ဖြစ်ပါတယ်။

PAT (Port Address Translation) (Many To One)

ဒီနေ့ခေတ်မှာ အသုံးအများဆုံး ဖြစ်ပါတယ်။ သူ့ကို NAT Overloading လို့လဲခေါ်ပါတယ်။ သူ့ရဲ့လုပ်နိုင်စွမ်း ကတော့ Local Network ထဲမှာရှိတဲ့ Local Host (Private IP addresses) တွေကို Translate လုပ်နိုင်ပြီး Internet ထွက်နိုင်ဖို့အတွက်က Public IP Address တစ်ခုသာလိုအပ်တာဖြစ်ပါတယ်ခင်ဗျ။ လူကြီးမင်းတို့ ကရော နတ်တကာ့နတ်ထဲမှာ ဘယ်နတ်ကို အကြိုက်ဆုံးလဲဆိုတာ ဖြေပေးသွားကြပါဦးနော်။

Written By Aung Nay Toe

Last updated