# How To Change File System with No Format?

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ဒီနေ့ ပြောပြပေးမှာကတော့ Windows မှာ Format မချပဲ File System ကို ဘယ်လို Change မလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ အားလုံးဟာ နေ့စဉ်နဲ့အမျှ ရုံးအလုပ်တွေမှာ၊ ဒါမှမဟုတ် Personal အနေနဲ့ သက်ဆိုင်ရာ "Data" တွေရှိကြပါတယ်။ အဲဒီ့ "Data" တွေကို Hard Disk Drive (HDD) "USB Memory Stick" ဒါမှမဟုတ် "SD Card" စတဲ့ Storage Devices တွေနဲ့ သိမ်းဆည်းလေ့ရှိကြပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့တစ်တွေ ကြုံတွေ့တတ်တာလေး တစ်ခုရှိပါတယ်။ ဒီနေရာမှာ USB Stick နဲ့ပဲ နမူနာအနေနဲ့ ပြောပြပါမယ်။

Data Store လုပ်ရင်း (နေ့စဉ် File တွေ Data တွေ Copy ကူးတယ်ပေါ့ဗျာ) "File Too Large Destination for file System" ဆိုပြီး ပေါ်လာပါလေရော။ အဲဒါဘာဖြစ်တာလဲ ဆိုရင် USB Stick ထဲမှာရှိတဲ့ File System က "FAT32" ဖြစ်နေတဲ့အတွက် File Size 4GB ထက်ကြီးတဲ့ Data ကို ကူးခွင့်မပေးပါဘူး။ ဘာလို့ကူးခွင့်မပေးလဲ ဆိုရင် "FAT32" ဖြစ်နေလို့ပါ။

![](/files/OoBZ0Tv4Z7iP1pqXrs1l)

ဒါဆိုရင်ဘာလိုလုပ်ရမှာလဲ။ Format ချပြီး "NTFS" File System ပြန်ချိန်းရမှာြဖစ်ပါတယ်။ Format ချလိုက်မယ် ဆိုရင်တော့ Data တွေအကုန်ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Data တွေကို မဖျက်ချင်ဘူး အများကြီးပဲ ဖြစ်နေတယ်။ ဒါဆိုရင်တော့ USB Stick Drive ကို Format ချစရာမလိုဘဲ File System ကို ချိန်းတဲ့ Solution လေးတစ်ခု ပြောပြပေးပါမယ်။ Format ချစရာ မလိုတဲ့အတွက် Data တွေဖျက်စရာ မလိုတော့ပါဘူး။ ပထမဆုံး Run Box (Windows Key + R) ကိုဖွင့်ပါ။ ပြီးရင် "cmd" လို့ရိုက်ပြီး "Enter" ခေါက်ပါ။ Command Prompt ပေါ်လာပါလိမ့်မယ်။ Command Prompt ပေါ်လာပြီးရင်တော့ Command လေးတစ်ခုရိုက်ပေးပါမယ်။ ရိုက်ပေးရမှာကတော့ Convert "Drive Letter" /FS:NTFS ဆိုတာလေးရိုက်ပေးရပါမယ်။ Driver Letter ဆိုတာက တော့ကိုယ့် Computer မှာရှိတဲ့ မိမိထိုးထားတဲ့ USB Stick မှာ ပေါ်နေတဲ့ Letter ကိုရိုက်ပေးရမှာဖြစ်ပါတယ်။ ဥပမာ - Convert D: /FS:NTFS အခုလိုရိုက်ပြီးရင်တော့ Complete ဖြစ်သွားရင် ရပါပြီ။ 4GB ထက် File Size ကြီးတဲ့ Data တွေကို စပြီးသိမ်းလို့ရပါပြီ။

<figure><img src="/files/GDALoEAv0nU3zMVq4RCC" alt=""><figcaption></figcaption></figure>

```
Written By Aung Nay Toe
```


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://blog.uniquemm.org/how-to-change-file-system-with-no-format.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
