Route Summarization (Or) Supernetting
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မျှဝေပေးသွားချင်တာကတော့ Route Summarization အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရက်ရှည်ခရီးတစ်ခုသွားတဲ့အခါမှာ အဝတ်အစားတွေကို ထည့်သွားရပါတယ်။ ၄ရက် ကြာမယ့် ခရီး တစ်ခုအတွက်ဆိုရင် အဝတ်အစား (၄)စုံ ထည့်သွားရပါတယ်။ အဝတ်အစားတွေကို ဒီအတိုင်း လက်က ကိုင်သွားတာထက် Luggage ဒါမှမဟုတ် အဝတ်အိတ်နဲ့ သေချာထည့်သွားခဲ့မယ်ဆိုရင် အိတ်တစ်အိတ်ထဲကိုပဲ လက်က ကိုင်ရမှာဖြစ်ပါတယ်။ သယ်ရတဲ့ လူလည်း သက်သက်သာသာရှိမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော့်တို့ရဲ့ Networking Field မှာလည်းပဲ မတူညီတဲ့ Network တွေကို Connectivity ရချင်တဲ့အခါ Router တွေ အချင်းချင်း Route ပေးရပါတယ်။ Router တစ်လုံးချင်းဆီတိုင်းမှာ Destination ကိုသွားနိုင်ဖို့အတွက် သွားမဲ့ Route Path တွေအစီအရီရှိတဲ့ Routing Table ရှိပါတယ်။ Network နှစ်ခုကို Route မယ်ဆိုရင် Route ဟာလည်းပဲ နှစ်ကြောင်း ရှိနေမှာဖြစ်ပါတယ်။ ဆိုတော့ Network (10) ခုကို Route မယ်ဆိုရင်၊ Network အခု (20) ကို Route မယ် ဆိုရင်ရော။
Routing Table ထဲမှာ Route တွေများလာတာနဲ့ အမျှ CPU, RAM စတဲ့ Hardware Utilizations တွေဟာလည်း မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။ အဲ့တာဆိုရင် မ Route ရတော့ဘူးလားပေါ့။ အနာသိရင် ဆေးရှိပါတယ်ခင်ဗျ။ ဒါဆိုရင်ဘာလုပ်မှာလဲဆိုတော့ Route Summarization လုပ်မှာ ဖြစ်ပါတယ်။ စောနက အဝတ်တွေကို သေချာထုပ်ပိုးသလိုဘဲ Route တွေကိုလည်း သေချာထုပ်ပိုးပြီး ချုံ့မှာဖြစ်ပါတယ်။

အထက်ပါပုံမှာဆိုရင် R1 ရဲ့ ဘယ်ဘက်မှာ Loopback Interface (4) ခုရှိပါတယ်။ ညာဘက် G1/0 Interface မှာတော့ 192.168.12.0/24 Network တစ်ကြောင်းထဲရှိပါတယ်။ R2 ဘက်ကနေ Static Route ရော၊ Dynamic Route နဲ့ဆိုလည်း Route Summarize လုပ်လို့ ရပါတယ်။ အခုတော့ Static Route နဲ့ Summarization လုပ်ကြပါစို့။ R2 ကနေ Route ရင် Route စုစုပေါင်း (4) ကြောင်းရှိပါတယ်။ R2 ဘက်ကနေ (4) ကြောင်း မ Route ဘဲ၊ Route (1) ကြောင်းထဲနဲ့ Subnet (4) ခုလုံးပါအောင် Summarize လုပ်မှာဖြစ်ပါတယ်။

Route Summarization လုပ်တော့မယ်ဆိုရင် Network Bits ထဲကနေ Host Bits ဆီကို လိုသလောက် ချေးရပါ တယ်။ လက်ရှိ Summarize လုပ်ဖို့အတွက် Subnet (4) ခုရှိတဲ့အတွက် Network Bits ထဲကနေ (4) ခု လှမ်းချေး ရမှာ ဖြစ်ပါတယ်။ 2 Bits စပြီးချေးကြည့်ပါမယ်။ ချေးလိုက်တဲ့ 2 ကို 2 Power တင်ကြည့်ပါမယ်။ 2^2 = 4 ရပါတယ်။ Summarize လုပ်မဲ့ route က (4) ကြောင်းဆိုတော့ အဆင်ပြေသွားပါပြီ။ ဒါဆိုရင် Network Bits ထဲကနေ 2 Bits ချေးလိုက်ပါပြီ။ ယခင်က ရှိနေတာက /24 ဖြစ်ပြီး အဲဒီ /24 ထဲနေ 2 Bits နှုတ်လိုက်တော့ နောက်ဆုံးကျန်တာက /22 ဖြစ်ပါတယ်။ /22 ဖြစ်သွားတဲ့အတွက် Subnet Mask က “255.255.252.0” ဖြစ်သွားပါပြီ။ Summarize လုပ်ထားတဲ့ Route ကို ရေးပြီး Route လိုက်ရင်၊ Route (1) ကြောင်းထဲနဲ့ Network (4) ခုလုံးပါဝင်တဲ့ Supernetting Route ကို ရပါပြီ။ ဘာကြောင့် 2 Power တင်ရသလဲဆိုရင် တော့ IPv4 ဟာ Decimal Numbering System ကို အသုံးပြုပြီး "0,1" Binary Numbers ကိုအသုံးပြုတဲ့ Internet Protocol ဖြစ်တာကြောင့် ဖြစ်ပါတယ်။ Subnet Mask (Or) Prefix မတူလည်း Route Summarization လုပ်လို့ရပါတယ်။


Written By Aung Nay Toe
Last updated