What is Virtualization?
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ကျွန်တော် Knowledge Sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Virtualization ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးက အိုင်တီနယ်ပယ်ထဲက သူတွေ အတွက်တော့ ရင်းနှီးတဲ့စကားလုံးဖြစ်ပေမယ် အခုမှစလေ့လာမယ်သူတွေ၊ အိုင်တီနယ်ပယ်ထဲကို စပြီးတော့ တိုးဝင်မယ့်သူတွေအတွက် ဆိုရင်တော့ အနည်းငယ်မရင်းနှီးဘူးဖြစ်နေပါလိမ့်မယ်။ အဲတော့ Virtualization ဆိုတာ ဘာလဲစလိုက်ရအောင်။
Virtualization ဆိုတာ နားလည်လွယ်အောင်ပြောရရင် တကယ့် Physical ပေါ်မှာ Operating System နှစ်ခု၊ သုံးခုတပြိုင်နက်တင်သုံးတာမျိုးပါ။ ဒါကို Virtualization လို့အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ တနည်းအားဖြင့် ဆိုရင်တော့ Computer တစ်လုံးမှာ Operating System နှစ်ခု၊ သုံးခု တပြိုင်နက်ထဲသုံးတာမျိုးပေါ့။ ဒါက Virtualization ပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် Virtualization တင်မကပဲ Containerization တွေပါပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ Containerization အကြောင်းကိုတော့ နောက်ထပ် Post တစ်ခုမှာသီးသန့်ရေးပေးပါ့မယ်။ ဆိုတော့ Virtualization ကိုဘယ်နေရာတွေမှာသုံးကြသလဲ။ အဓိကအားဖြင့် Server တွေမှာသုံးကြပါတယ်။ Server ဆိုတာအရှင်းဆုံးပြောရရင် ကွန်ပျူတာပါပဲ။ တစ်နည်း အားဖြင့် On-Premise Server တွေမှာဆိုရင် Virtualization ကို အသုံးများကြပါတယ်။ Virtualization မှာဆိုရင် အဓိကအမျိုးအစား နှစ်မျိုးရှိပါတယ်။ ပြီးတော့ Virtualization ကို Support ပေးတဲ့ Operating System ကို Hypervisor လို့လည်း ခေါ်ပါတယ်။ ဆိုတော့ Hypervisor နှစ်မျိုးရှိတယ်လို့ ပြောရင်ပိုပြီး တိကျပါလိမ့်မယ်။ ဒီနေရာကနေစပြီး Hypervisor လို့ပဲဆက်သုံးသွားပါမယ်။ Hypervisor နှစ်မျိုးကို Type 1 Hypervisor နဲ့ Type 2 Hypervisor ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ Type 1 Hypervisor ကတော့ Hardware ပေါ်မှာတိုက်ရိုက် Hypervisor OS ကိုတင်ပြီး သုံးရတာမျိုးပါ။ ဒီအမျိုးအစား ကိုသုံးလိုက်တာနဲ့ Hardware ရဲ့ Storage, Network, CPU Resource စတာတွေကို Operating System တစ်ခုချင်းစီပြန်ပြီး ခွဲသုံးလို့ရသွားတာပေါ့။ ဥပမာပေးရရင် လက်ရှိကျွန်တော်တို့ရုံးမှာ Server တစ်လုံးပဲ ရှိတယ်။ Operating System ကအနည်းဆုံးသုံးခုလိုနေတယ် (Windows Server, Ubuntu Server, CentOS Server) ဒါပေမယ့် စက်ကတစ်လုံးပဲ ရှိနေတယ်ဆိုတော့ ဒီလိုအခြေအနေမှာဆိုရင် Type 1 Hypervisor ကို သုံးပြီးတော့ ဖြေရှင်းလို့ရတာပေါ့။ တစ်ခုတော့ရှိတယ် ကိုယ်သုံးမယ့် Operating System သုံးခုလုံးရဲ့ Resource ကို Server တစ်လုံးကကောင်းကောင်းပေးနိုင်လားပေါ့။ အဲတော့ Type 1 Hypervisor ထဲမှာက ဈေးကွက်ထဲမှာ လူသုံး အများဆုံးနဲ့ လူကြိုက်အများဆုံးလို့ ပြောလို့ရတဲ့ Hypervisor ကတော့ VMware ရဲ့ ESXi ပါပဲ။ Type 1 Hypervisor ကို Bare-metal, Native Hypervisor လို့လည်း ခေါ်ကြပါသေးတယ်။ Type 1 Hypervisor တွေ ကတော့တိုက်ရိုက် Hardware ပေါ်မှာပဲအလုပ်လုပ်ပါတယ်။ Type 2 Hypervisor အကြောင်းဆက်ပြောရမယ်ဆိုရင် သူ့ကိုသုံးဖို့ အတွက်ကြားခံ Operating System တစ်ခုတော့အနည်းဆုံးလိုပါမယ်။ ဘာကြောင့်လဲဆိုရင်သူက Operating System ပေါ်မှာမှီခိုတာဖြစ်တဲ့အတွက် သူ့အောက်မှာ Operating System မရှိရင်သူ့ကိုသုံးလို့ မရပါဘူး။ Type 2 Hypervisor တွေကတော့ VMware ကထုတ်တဲ့ VMware Workstation, Oracle ကထုတ်တဲ့ VirtualBox ကတော့ လူသိအများဆုံးပါ။ အပေါ်မှာပြောခဲ့သလိုပဲ VMware Workstation, Oracle VirtualBox ကို သုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့စက်မှာ Windows OS ဒါမှမဟုတ် Linux OS သို့မဟုတ် Mac OS တခုခုရှိဖို့လိုပါမယ်။ အောက်ကပုံလေး ကတော့ Type 1 Hypervisor နဲ့ Type 2 Hypervisor ရဲ့ပုံစံလေးပါ။ Type 2 Hypervisor ကို Hosted Hypervisor လို့လည်းခေါ်ပါသေးတယ်။ ဒီနေ့ Knowledge Sharing လေးကတော့ ဒီလောက်ပါပဲခင်ဗျ။ နောက်ထပ် Post တွေကျရင် Virtualization နဲ့ပတ်သက်တာတွေထပ်ပြီးတော့ Sharing လုပ်ပေးသွားပါမယ်။

Written By Aung Thu Myint
Last updated