Overview Of VLANs And SwitchPorts Part 1

အခုတစ်ခေါက် Sharing လုပ်ပေးချင်တဲ့ အကြောင်းရာကတော့ VLAN နဲ့ ပတ်သက်ပြီးတော့ Switchport တွေရဲ့ VLANs တွေကို ဘယ်လိုပုံစံနဲ့ သယ်ဆောင်မလဲပေါ့။ ဥပမာအားဖြင့် Switch-To-Switch, Switch-To-Computer စသဖြင့် ချိတ်ဆက်မယ်ဆိုရင် ဘယ်လိုမျိုး Switchport Types တွေနဲ့ သယ်ဆောင်မလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး VLANs အကြောင်းကို ပြောပါမယ်။ VLAN ဆိုတာကတော့ Physical Local Area Network ကြီးကို Logically အားဖြင့် Broadcast Domain တွေပိုင်းခြားပေးလိုက်တဲ့ Layer 2 Feature ပဲဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် Physical LAN ကြီးတစ်ခုကနေ မတူညီတဲ့ Sub-Networks တွေများသွားအောင် VLAN ကပိုင်းခြား ပေးလိုက်တာပဲဖြစ်ပါတယ်။ ဘာတွေ အထောက်အကူဖြစ်သွားလဲဆိုရင် Broadcast Traffics တွေကို လျှော့ချ လာနိုင်မယ်၊ Management လုပ်တဲ့နေရာမှာလည်း သက်ဆိုင်ရာ VLAN တစ်ခုချင်းစီအလိုက် Management လုပ်လို့ရသလို Troubleshoot လိုက်ရတဲ့ အခါမှာလည်း ဘယ် VLAN ဘက်ကဖြစ်တာ စသဖြင့် အဖြေရှာရပိုမို လွယ်ကူသွားစေပါတယ်။ အဲတော့ Switch တစ်လုံးမှာ VLAN တွေကို ဘယ်လို သတ်မှတ်ပေးလို့ရသလဲဆိုရင် VLAN ID နဲ့သတ်မှတ်ပေးလို့ရပါတယ်။

ဥပမာအားဖြင့် Switch ရဲ့ Port No 1 ကနေ 10 အထိကို VLAN 10 ထဲထည့်မယ်၊ ကျန်တဲ့ Port 11 ကနေ 20 အထိကို VLAN 11 ထဲထည့်မယ်ဆိုရင် VLAN ID မတူညီတဲ့အတွက်၊ တစ်နည်းအားဖြင့် Network မတူတဲ့အတွက် အဲဒီ Switchport တွေနဲ့ ချိတ်ထားတဲ့ End User တွေအချင်းချင်း အဆက်သွယ်လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အဆက် အသွယ်လုပ်မယ်ဆိုရင် မတူညီတဲ့ Broadcast Domain ကို Communicate လုပ်နိုင်တဲ့ Layer 3 Device တစ်ခု ရှိရမှာဖြစ်ပါတယ်။

အဲတော့ မေးစရာရှိတာက အဲ Switch အနေနဲ့ VLAN 10, VLAN 11 စသဖြင့် ဘယ်လိုမှတ်နိုင်တာလဲဆိုတော့ VLAN Database ထဲမှာ သက်ဆိုင်ရာ VLAN တွေကို မှတ်ထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Network Administrator အနေနဲ့ မိမိ အသုံးပြုချင်တဲ့ VLAN ကို သက်ဆိုင်ရာ Switch ရဲ့ VLAN Database ထဲမှာ ထည့်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့သာ မိမိခွဲချင်တဲ့ VLAN ID က သက်ဆိုင်ရာ VLAN Database ထဲမှာ ရှိမနေဘူးဆိုရင် ခွဲလို့ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုက VLAN ID သည် 12 Bits ပဲရှိတဲ့အတွက် ID သတ်မှတ်တဲ့ အခါကျရင် 0-4095 အထိပဲသတ်မှတ်လို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက VLAN 1 သည် Default VLAN ဖြစ်တယ်၊ Switch တစ်လုံးမှာ ဘာ VLAN မှ Config မလုပ်ထားဘူးဆိုရင် လက်ရှိ End Users တွေက VLAN 1 ထဲမှာရှိနေတာဖြစ်ပါတယ်။

နောက်တစ်ခုက Cisco Switch တွေမှာဆိုရင် 1002-1005 အထိက Cisco က Token Ring တို့၊ FDDI တို့လို Old Protocols တွေအတွက် Reserved လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ VLAN ID သတ်မှတ်တဲ့အခါ 2~1001, 1006~4094 အထိပဲ သတ်မှတ်လို့ရတာဖြစ်ပါတယ်။ VLAN 0 နဲ့ VLAN 4095 နဲ့ကလည်း အသုံးပြုလို့မရပါဘူး။ ဆိုတော့ VLAN နဲ့ကင်းလွတ်တဲ့ Network Infra ကတော့ မရှိသလောက်ကို ရှားပါတယ်၊ အိမ်သုံး SOHO Networks တွေလောက်ပဲ VLAN ကိုအသုံးမပြုကြတာပါ။ Office Networks, Enterprise Networks, ISP Networks, Banking Network စတဲ့ Network infra တွေမှာတော့ အကုန်လုံး VLAN ကိုအသုံးပြုကြတာပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ်ကျရင် Part 2 ကိုဆက်လက်ဖတ်ရှုကြပါဦးနော်။

Written By Aung Khant Moe

Last updated