AWS S3 Storage

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ AWS Cloud ရဲ့ Storage Service တစ်ခုဖြစ်တဲ့ S3 အကြောင်းကို ရှင်းပြပေး သွားမှာပဲ ဖြစ်ပါတယ်။ S3 ရဲ့ Long form ကတော့ Simple Storage Service ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ Infrastructure တွေက Cloud ပေါ်မှာ စပြီးတော့ တည်ဆောက်လာကြပြီဖြစ်ပါတယ်။ ဆိုတော့ ခုပြောပြပေးမယ့် S3 ကလည်း Cloud Storage Service တစ်ခုပဲဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့သုံးနေတဲ့ Google Drive လိုမျိုးနဲ့ တူညီပါတယ်။ S3 ကတော့ Object Storage အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နောက်ပိုစ်တစ်ခုမှာတော့ Storage Categories တွေအကြောင်း သီးသန့်ရေးပေးပါမယ်။

AWS ကနေပြီးတော့ S3 ကို Use Case ပေါ်မူတည်ပြီး Storage Class ကိုလည်း ပြန်ပြီးတော့ ခွဲထားပေးပါတယ်။ S3 Standard, S3 Intelligent-Tiering, S3 Standard-IA, S3 One Zone-IA, S3 Glacier Instant Retrieval, S3 Glacier Flexible Retrieval, S3 Glacier Deep Archive, S3 Outposts ရယ်ဆိုပြီး အမျိုးအစား ပြန်ခွဲထားပါတယ်။ တစ်ခုချင်းစီမှာ သူတို့ရဲ့ Use Case ကိုယ်စီရှိပါတယ်။ အဲဒီအထဲမှာမှ Storage Class တစ်ချို့ကို ပြန်ရှင်းပြပေးပါ မယ်။

S3 Standard ကတော့ Durability, Availity, Performance တွေနဲ့ မကြာခဏ User တွေဒါမှမဟုတ် ဒီ Data ကို ခဏခဏသုံးတဲ့ Case တွေမှာ အသုံးများပါတယ်။ ဥပမာအနေနဲ့ Application တွေ၊ Website တွေကိုလည်း S3 Standard နဲ့သုံးတာမျိုးပေါ့။ သူ့ရဲ့ အားသာချက်တွေအနေနဲ့ဆိုရင် Latency နည်းမယ်၊ Throughput တွေ ကောင်း မယ်။ Security အနေနဲ့ S3 Storage တွေကို Encryption တွေ, Policy တွေ, IAM တွေသုံးပြီး ဘယ်သူကပဲ Access လုပ်လို့ရမယ်ဆိုတာမျိုးလည်း သတ်မှတ်ထားလို့ရပါတယ်။

S3 Standard-IA က S3 Standard နဲ့ တော်တော်တူပါတယ်။ ဒါပေမယ့် Use Case ကတော့ မတူပါဘူး၊ Latency, Performance, Throughput တွေအကုန် Standard နဲ့ အတူတူပါပဲ၊ ကျွန်တော်တို့ရဲ့ Data တွေကို Long-term အနေနဲ့သိမ်းချင်တဲ့အခြေအနေမျိုး၊ Cloud ပေါ်မှာ Data Backup အနေနဲ့ထားချင်တဲ့အခါမျိုး နဲ့ Disaster Recovery ပုံစံမျိုး သုံးဖို့အတွက် အဓိကရည်ရွယ်ထားတာပါ။ S3 Standard နဲ့ Standard-IA နှစ်မျိုးလုံးက AWS ရဲ့ Multi-Zone မှာသုံးလို့ရပါတယ်။ Redundancy အတွက် Cloud ပေါ်မှာပါ Multi-Zone ထားတာမျိုးပါ။

S3 One Zone-IA ကတော့ Zone တစ်ခုမှာပဲထားလို့ရပါတယ်။ အ‌ပေါ်မှာပြောသွားတဲ့ Storage Class တွေထက် စာရင် ဒီ Storage Class က ဈေးပိုပြီးသက်သာပါတယ်။ Budget ကိုလျော့ချချင်တဲ့သူတွေ အတွက်ဆိုရင်တော့ S3 One Zone-IA ကအဆင်အပြေဆုံးပါပဲ။

S3 Glacier Storage အမျိုးအစားတွေကိုတော့ Archive လုပ်ဖို့အတွက်အဓိကထားပါတယ်။ Archive Storage တွေကိုပဲ ပြန်သုံးမယ်၊ Access ချက်ချင်းရချင်တဲ့အခြေအနေမျိုးဆိုရင်တော့ S3 Glacier Instant Retrieval ကိုသုံး လို့ရပါတယ်။ Standard S3 ထက်စာရင် Cost က 68% လောက်အထိကိုသက်သာပါသေးတယ်။ ဒီနေ့ကတော့ S3 အကြောင်းကို ဒီမှာပဲရပ်လိုက်ပါမယ်။ အောက်ကပုံလေးကတော့ AWS Storage Class Comparison ပုံလေးပါ။

Written By Aung Thu Myint

Last updated