How To Enable Virtualization
အားလုံးပဲ မင်္ဂလာပါ။ စာရေးဖို့အခြေအနေမပေးတာရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ်နဲ့ပဲ စာရေးဖို့ အားမပါခဲ့ပေမယ့် လုပ်သင့်တာတွေတော့လုပ်ရမှာပဲဆိုပြီးတော့ စာပြန်ရေးဖို့ အားတစ်ဖန်ပြန်မွေးပြီး Sharing ပြန်လုပ်ပေးလိုက်ပါတယ်။ ဒီနေ့ Sharing လုပ်ပေးမယ့် အကြောင်းအရာကတော့ Virtualization ကို ကျွန်တော် တို့ရဲ့ စက်မှာ ဘယ်လို Enable လုပ်မလဲဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ Only Beginner တွေအတွက်ပါ။ Virtualization ဆိုတဲ့ အကြောင်းအရာကို အသေးစိတ်သိချင်ရင်https://blog.uniquemm.org/what-is-virtualization မှာသွားဖတ်လို့ရပါတယ်။ ဘာလို့ Virtualization ကို Computer မှာ Enable လုပ်ရသလဲဆိုရင် Enable လုပ်မှသာ ကျွန်တော်တို့ရဲ့ စက်မှာ Physical Resource တွေကို Virtualize လုပ်ပြီးပြန်ရှဲသုံးလို့ ရမှာမို့လို့ပါ။ ဒီတော့ စလိုက်ရအောင်ပါ။
ပထမဦးဆုံး ကိုယ့်စက်မှာ Virtualization ကို On/Off ဘယ်လိုစစ်မလဲဆိုတော့ Windows မှာဆိုရင် Task Manager ကိုဖွင့်ပြီး Performance ထဲက CPU ကို Click တစ်ချက်ထောက်လိုက်ပါ။ ပြီးရင် Virtualization က Enabled/Disabled လားတချက်ကြည့်ပါ။ အောက်ကပုံမှာတော့ Disabled ဖြစ်နေတာပါ။

ဆိုတော့ Enabled လုပ်ဖို့အတွက် BIOS ထဲမှာ သွားဖွင့်ပေးရမှာပါ။ အဲတော့ စက်ကို Restart လုပ်ပြီး BIOS ထဲဝင်ပါမယ်။ BIOS ထဲဝင်ဖို့အတွက် သက်ဆိုင်ရာ Laptop Model အလိုက် (Lenovo/HP/Dell/ASUS) BIOS Key တွေက မတူညီကြပါဘူး။ ကျွန်တော့်စက်ကတော့ Lenovo Thinkpad T490s ဖြစ်တာမို့လို့ F1 ကိုနှိပ်ရင်ရပါပြီ။ Google မှာ Laptop Model နောက်က BIOS Key ဆိုပြီးရိုက်ရှာကြည့်ပါ။ ဒီတော့ ဆက်ရမယ်ဆိုရင် Reboot လုပ်လိုက်ပြီး F1 Key ကိုဆက်တိုက်နှိပ်ထားတဲ့အခါမှာ အောက်ကပုံအတိုင်း BIOS ထဲကို ရောက်သွားပါလိမ့်မယ်။

ဒီနေရာမှာလည်း Virtualization Setting က Model တစ်ခုနဲ့တစ်ခုတူမှာမဟုတ်ပါဘူး။ ဒီ Thinkpad Version မှာတော့ Security အောက်မှာ Virtualization Setting ပါပါတယ်။


တစ်ချို့သော BIOS တွေမှာတော့ ဒီလိုမျိုးမပါပါဘူး။ ဒါပေမယ့် အနည်းဆုံး Intel® Virtualization Technology တော့ပါပါလိမ့်မယ်။ ခုပုံမှာတွေ့နေရတဲ့ Setting တွေကတော့ Kernel DMA Protection, Intel® Virtualization Technology, Intel® VT-d Feature, Enhanced Windows Biometric Security တွေပဲဖြစ်ပါတယ်။ Kernel DMA Protection မှာပါတဲ့ DMA က Direct Memory Access က Computer Hardward မှာပါတဲ့ PCI Port တွေကို သုံးပြီးတော့ Memory ကိုတိုက်ရိုက် Attack လာလုပ်ရင်ကာကွယ်ပေးဖို့အတွက်ပါ။ Intel® Virtualization Technology ကတော့ရှင်းပါတယ်။ Virtualizatoin ကိုသုံးလို့ရအောင်လုပ်ပေးတဲ့ဟာပါ။ Intel® VT-d ကတော့ Input/Output Devices တွေကို Virtualization မှာအလုပ်လုပ်ပေးနိုင်အောင်ကူညီပေးတဲ့ Feature ဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး Enhanced Windows Biometric Security ကတော့ ကျွန်တော်တို့စက်မှာ Fingerprint ဒါမှမဟုတ် Face နဲ့ဖွင့်လို့ရတဲ့ Hardware တွေပါခဲ့ရင်ပိုပြီး Secure ဖြစ်အောင်လုပ်ပေးတာပါ။ ဒါကတော့ Optional ပေါ့။ ဒီတော့ ပြန်ဆက်ရရင် ကျွန်တော်လိုတဲ့ Feature တွေကိုဖွင့်လိုက်ပါမယ်။

ပြီးရင် Save မှာဖြစ်တဲ့အတွက် F10 ကိုနှိပ်ပါ။ Yes ကိုထပ်နှိပ်ပါ။

Reboot ကျပြီးပြန်တက်လာပါလိမ့်မယ်။ Windows ပြန်ပွင့်လာတာနဲ့ Task Manager ကနေ့တစ်ချက်ပြန်စစ်ကြည့် လိုက်ပါ။ Virtualization က Enabled ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ကတော့ ဒီမှာပဲရပ်လိုက်ပါမယ်။ အချိန်ပေးပြီး ဖတ်ပေးကြတဲ့သူတွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း။
Written By Aung Thu Myint
Last updated